ဝါးခယ်မမြို့ပေါ်ရှိ တည်းခိုခန်းများအား လိုက်လံစစ်ဆေး

ဝါးခယ်မ စက်တင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ပေါ်ရှိ တည်းခိုခန်းများကို ယမန်‌နေ့ ည ၇ နာရီအချိန်တွင် လိုက်လံ စစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါ စစ်ဆေးမှုများ‌ဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ ဦးဆောင်၍ ခလရ(၉၈)မှ ဗိုလ်ပြည့်ဖြိုးအောင် ဦးစီး(၁+၄)ဦး၊ ဝါးခယ်မမြို့မစခန်းမှူး ဒုရဲမှူးသန်းထွန်းအောင် ဦးစီး(၁+၅)ဦး၊ မြို့ပေါ် ရပ်ကျေးအုပ်ချုပ်‌ရေးမှူးများနှင့် ဝါးခယ်မ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ ဒုဦးစီး(၁+၅)ဦး တို့အဖွဲ့မှ မြို့ပေါ်ရှိတည်းခိုခန်းများအား လိုက်လံစစ်ဆေး၍ ဧည့်စာရင်းဝင်ထွက်မှုများ၊ မသင်္ကါဖွယ်ရာ ဧည့်သည်တည်းခိုမှုများအား စစ်ဆေးခဲ့ကြောင်းသိရသည်။

ယင်းသို့ တည်းခိုခန်းများအား စစ်ဆေးမှုများဆောင်ရွက်ရခြင်းသည် နယ်မြေဒေသ အေးချမ်းသာယာရေး၊ နယ်မြေဒေသလုံခြုံရေးနှင့် အဖျက်အမှောက်လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမရှိအောင် လိုက်လံစစ်ဆေးရခြင်း ဖြစ်ကြောင်းသိရသည်။

ဟိန်းထက်လင်း

ဝါးခယ်မ (ပြန်/ဆက်)