လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းအား သန့်ရှင်းသာယာ၍  ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

လိပ်သို   စက်တင်ဘာ ၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းအား သန့်ရှင်းသာယာ၍  ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးအတွက် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းအတွင်း/ အပြင်၌ မြို့စည်ပင်သာယာရေးအဖွဲ့၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ ပူးပေါင်း၍ သန့်ရှင်းသာယာရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်  အဆိုပါကျောင်းအတွင်းရှိ ခြုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်း၊ ကျောင်းသား/ကျောင်းသူလေးများ ဆော့ကစားကြသည့် ကလေးကစားကွင်းနှင့် ဘောလုံးကွင်းများအတွင်း အန္တရာယ်ကင်းရှင်းစွာ ဆော့ကစားနိုင်ရေး မြက်များ၊ အမှိုက်များ ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)