နတ်မောက် စက်တင်ဘာ ၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများသည် ယခင်က မိမိတို့၏ ယာမြေများတွင် မိုးနှောင်းကာလ၌သာ ချည်မျှင်ရှည်ဝါများ စိုက်ပျိုးကြပြီး ယခုအချိန်တွင် အထွက်နှုန်းကောင်းသည့် ချည်မျှင်ရှည်ဝါများကို စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်း၍ စျေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ်အတွင်းရှိ ဝါစိုက်တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံများကို ပိုးမွှားရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကင်းထောက်မှတ်တမ်းယူခြင်း၊ တောင်သူများ ကုန်ကျစရိတ်သက်သာပြီး သဘာ၀ပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိစေရေး သီးနှံအရည်အသွေးကောင်းမွန်ရေးအတွက် သဘာ၀ပိုးတားဆေး၊ ပိုးနှင့်ဆေးများ ပြုလုပ်သုံးစွဲနည်းများကို လက်တွေ့ပြသ ပညာပေးသဖြင့် ဓာတုဆေးများ လျှော့ချသုံးစွဲလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုက ပြောသည်။
နတ်မောက်မြို့နယ်တွင် အထွက်နှုန်းကောင်းသည့် ချည်မျှင်ရှည်ဝါမျိုးများဖြစ်သည့် ရွှေတောင်-၈နှင့် ရွှေတောင်-၁၀ ဝါမျိုးများကို မိုးဦးကာလတွင် စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်း၍ စျေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။
မူမူစန်း