သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

သာယာဝတီ     သြဂုတ် ၃၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက သာယာဝတီမြို့ရှိ သစ်ရာကုန်းကျေးရွာ၊ ရေတွင်းကုန်းကျေးရွာများသို့ရောက်ရှိပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သစ်ရာကုန်း-ချီကြီးကွင်းမြေသားလမ်းမှ မြေနီလမ်းအဆင့်တိုးမြှင့်ခြင်းလုပ်ငန်းများ၊ ရေတွင်းကုန်းကျေးရွာရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွ (၁၈၄.၈၀၄)သန်းဖြင့် ရွာသစ်နုဝေကုမ္ပဏီလီမိတက်မှ တာဝန်ယူပြုလုပ်သည့် ကုန်ထုတ်(မြေ+ဂဝံ) လမ်းခင်းခြင်းနှင့် ရေတွင်းကုန်းကျေးရွာ ကုန်ထုတ်လမ်းပေါ်ရှိ Box-Culvert (၁)စင်းတည်ဆောက်ခြင်း၊ လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)