ကိုဗစ် − ၁၉ ရောဂါ ထိန်းချုပ်ရေး ဧည့်လမ်းညွှန်အသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များ MASK Campaign ပြုလုပ်

ကော့သောင်း စက်တင်ဘာ ၁၄

ကော့သောင်းမြို့တွင် ကိုဗစ် − ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ ဝိုင်းဝန်းပါဝင်ပူးပေါင်း ဆောင်ရွက်မှုအဖြစ် ကော့သောင်းခရိုင် ဧည့်လမ်းညွှန်အသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များ စုပေါင်းကာ ယနေ့နံနက်ပိုင်းက မြို့နေပြည်သူ တွေကို နှာခေါင်းစည်းများ လိုက်လံဝေငှပေးသည့် MASK Campaign လှုပ်ရှားမှု ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကြောင့် ကမ္ဘာနဲ့အဝှမ်း အခက်အခဲတွေ ဖြစ်ပေါ်ကြရတယ်၊ ကျောင်းသား၊ ကျောင်းသူတွေလည်း ပညာမသင်ကြရတောဘူး၊ လုပ်ငန်းတော်တော်များများလည်း ရပ်ဆိုင်း ကုန်တယ်၊ အထူးသဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးနေတဲ့ ကျနော်တို့ကော့သောင်းမြို့မှာဆို ဆုံးရှုံး နစ်နာမှုတွေ ဖြစ်ကြရပါတယ် အထူးသဖြင့် ကျနော်တို့ လုပ်ငန်းတွေဖြစ်တဲ့ ခရီးသွား လုပ်ငန်း အပါအဝင် ဆက်စပ်နေတဲ့ လုပ်ငန်းတွေ တော်တော်များများ ရပ်ဆိုင်းကုန်တယ် ဒါကြောင့် ဒီရောဂါ ထိန်းချုပ်ရေး လုပ်ငန်းတွေမှာ ကျနော်တို့လုပ်ငန်းရှင်တွေ တာဝန်ရှိ အဖွဲ့အစည်း တွေနဲ့အတူ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ပေးကြဖို့ ဆုံးဖြတ်ချက်ချထားကြောင်း  ကော့သောင်းခရိုင် ဧည့်လမ်းညွှန်အသင်းဥက္ကဋ္ဌ ဦးသီဟစိုးက ပြောသည်။

ယနေ့လှုပ်ရှားမှုအဖြစ် ခရီးသွားလုပ်ငန်းရှင်များစုပေါင်းကာ ရောဂါထိန်းချုပ်ရေး မြို့နေပြည်သူများ ကို ကျန်းမာရေးအသိသတိရှိကြဖို့၊ ရောဂါကူးစက်မှုမဖြစ်ပွားရေး အပြင်ထွက်ပါက နှာခေါင်းစည်း များတပ်ဆင်ကြဖို့၊ လက်များကိုမကြာခဏ ဆေးကြောကြရန်ပညာပေးခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်ခြင်းအပြင် လမ်းသွားလမ်းလာများကို နှာခေါင်းစည်း (၁၂၀၀) ကျော်ခန့်ကို ဝေငှတပ်ဆင်ပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)