စေတုတ္တရာမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

စေတုတ္တရာ သြဂုတ် ၃၀

မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့တွင် ယမန်နေ့နံနက် ၁၀နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်အဝေး ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က ဌာနဆိုင်ရာများအနေဖြင့် ဌာနပိုင်ပစ္စည်းများအား စနစ်တကျ ပြုပြင်ထိန်းသိမ်းခြင်း၊ ရုံးလုံခြုံရေးများဆောင်ရွက်ခြင်း၊ ရုံးစာများ လုံခြုံစိတ်ချရေး၊ မြို့နယ်အဆင့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဌာနအားလုံး ပူးပေါင်းဆောင်ရွက်ပေးရေးတို့အား လမ်းညွှန်မူပြုခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်(၁) ဗိုလ်မှူးသိန်းမင်းဇင်က လုံခြုံရေးဆိုင်ရာကိစ္စရပ်များ အထူးသတိပြုကြရန်နှင့် ထူးခြားဖြစ်စဉ်ရှိပါက သက်ဆိုင်ရာအကြီးအကဲများနှင့် အချိန်မှီ ချိတ်ဆက်ကြရန် ညွှန်ကြားခဲ့သည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)မှ ဌာနဆိုင်ရာရုံးများတွင် လုံခြုံစိတ်ချရေး ဂျူတီများထားရှိကြရန်နှင့် သွားလာသတိပြုဆောင်ရွက်ကြရန် ညွှန်ကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာ အကြီးအကဲများက ဌာနအလိုက် ဆောင်ရွက်ချက်များ ဆွေးနွေးတင်ပြ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မောင်မိုးရွေ