ကလေးခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ပန်းအလှပြင်သင်တန်းနှင့် မုန့်ပြုလုပ်နည်း သင်တန်းဆင်းပွဲကျင်းပ

ကလေး    မတ်     ၁၂

ကလေးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ ပန်းအလှပြင် သင်တန်းနှင့် မုန့်ပြုလုပ်နည်းသင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲ (၂)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ခရိုင်ဦးစီးမှူး ဦးညီညီဇော်က သင်တန်းဆင်းအမှာစကား ပြောကြားပေးခဲ့ပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်မေဦးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များနှင့် သင်တန်းကို ပြီးဆုံးအောင် တက်ရောက်ခဲ့သူများကို ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး သင်တန်းပြီးဆုံးကြောင်း လက်မှတ်များ ပေးအပ်ခဲ့ကြသည်။

အဆိုပါ ပန်းအလှပြင်သင်တန်းနှင့် မုန့်ပြုလုပ်နည်းသင်တန်းကို မတ်လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းနည်းပြများအဖြစ် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဆရာမများက သင်ကြားပေးခဲ့ကြခြင်းဖြစ်ပြီး သင်တန်းသူ သင်တန်းသား (၄၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။

သျှင်နေမင်း(ဂန့်ဂေါ)