ပိုင်ကျုံမြို့၌ အသက် ၂ နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်

ပိုင်ကျုံ   ဩဂုတ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာနတွင် အသက် ၂ နှစ်အောက်ကလေးငယ်များနှင့်  ကိုယ်ဝန်ဆောင်မိခင်များတို့အား ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဌာန၌ ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို မွေးစမှအသက် ၂ နှစ်အထိကလေးငယ်များနှင့်  ကိုယ်ဝန်‌ဆောင်မိခင်များတို့အား ဘီစီဂျီဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊   ပြင်းထန်အဆုတ်ရောင် (ပီစီဗွီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊  ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးများကိုလည်း တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုးဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး လာရောက်ထိုးနှံသည့် အသက် ၂ နှစ်အာက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံရာတွင် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

နော်ခူး (ပြန်/ဆက်)