ပခုက္ကူ ဩဂုတ် ၂၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူပညာရေးဒီဂရီကောလိပ် ကျောင်းဝန်းအတွင်းရှိ သုံးထပ်စာသင်ဆောင် (RC) အဆောက်အဦ တည်ဆောက်မှုလုပ်ငန်းကို ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၁ရက်မှ စတင်ခဲ့ရာ ယခုအခါရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုငွေကျပ် ၅၆၁.၄၅သန်းဖြင့် ပခုက္ကူပညာရေးဒီဂရီကောလိပ် ကျောင်းဝန်းအတွင်း အလျား ၁၉၂ပေ၊ အနံ၃၈ပေ၊ အမြင့် ၃၆ပေရှိသည့် သုံးထပ်စာသင်ဆောင် တစ်ဆောင်(RC)အဆောက်အဦးကို ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၁ရက်မှစတင်ပြီး Kinetic Arts ကုမ္ပဏီက တာဝန်ယူတည်ဆောက် ခဲ့ရာ ၂၀၂၂ခုနှစ်၊ ဩဂုတ်လအတွင်း ရာနှုန်းပြည့်တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါသုံးထပ်စာသင်ဆောင်ရှိ အဆောက်အဦ တစ်ထပ်အတွင်း၌ စာသင်ခန်းလေးခန်းပါရှိပြီး သုံးထပ်ပေါင်း စာသင်ခန်း ၁၂ခန်းပါရှိကြောင်း၊ စာသင်ခန်း တစ်ခန်းလျှင် အလျားပေ၄၀၊ အနံပေ၃၀ရှိပြီး ကျောင်းသား၊ ကျောင်းသူ (၁၀၀) ဦးအထိ ဝင်ဆံ့နိုင်မည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် လုပ်ငန်းစံချိန်စံညွှန်း အရည်အသွေးများနှင့်ကိုက်ညီစွာ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးရေး ပခုက္ကူပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီး၏အနီးကပ်ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဝိုင်းဝန်းကြိုးပမ်းအကောင်အထည် ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း Kinetic Arts ကုမ္ပဏီမှ တည်ဆောက်ရေး တာဝန်ခံအင်ဂျင်နီယာ ဦးကျော်သူလင်းက ပြောပြသည်။
ဘာမီသာ (ပြန်/ဆက်)