ဘိုကလေး ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လစဉ်တိုင်း သတ်မှတ်ရက်အလိုက် မြို့နယ်ကုတင်(၅၀) ပြည်သူ့ဆေးရုံဟောင်းတွင် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယခုအခါစက်တင်ဘာ(၁)ရက်နေ့မှ (၂)ရက်နေ့အထိ (၂)ရက်တိုင်တိုင် ပုံမှန်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်သည်။
ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးရာတွင် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီပိုး)၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ် ကာကွယ်ဆေးများ ထိုးနှံပေးမည့်အပြင် ပိုလီယိုသောက်ဆေး၊ ထိုးဆေးများပါ ထိုးနှံတိုက်ကျွေးသွားမည် ဖြစ်ကြောင်းနှင့် ကလေးငယ်များ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးနိုင်ရေးအတွက် ကျန်ရှိမှုမရှိစေရေးအား အလေးထားကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကာကွယ်ဆေးထိုးမည့်ရက်နှင့် နီးကပ်လာပါက အသံချဲ့စက်ဖြင့် လှည့်လည်ကြေငြာလေ့ရှိကြောင်းလည်း သိရသည်။
မိုးစက်(ဘိုကလေး)