ဂန့်ဂေါခရိုင် ကျောက်ထုမြို့တွင် (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုသော အားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်

ကျောက်ထု စက်တင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ တိုက်နယ်ပြည်သူ့ဆေးရုံ အတွင်းအပြင် ပတ်ဝန်းကျင်နေရာများတွင်၂၀၂၀ပြည့်နှစ်အောက်တိုဘာ ၁ ရက်နေ့၌ ကျရောက်မည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောက်ထုမြို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စခန်းမှ အရာရှိ၊ အရာခံနှင့် အကြပ်တပ်သားများက ပေါင်းမြက်များရှင်းလင်းခြင်း ကို ယမန်နေ့ နံနက်(၈)နာရီအချိန်က စုပေါင်း ပြုလုပ်ကြသည်။

ထိုသို့လူထုအကျိုးပြုလုပ်ငန်းများအား ကျောက်ထုမြို့နယ်မြေရဲတပ်ဖွဲ့စခန်းမှ ခေတ္တ စခန်းမှူး ဒု_ရဲအုပ် တင်အောင်ယုနှင့် အရာခံ၊အကြပ်တပ်သားစုစုပေါင်း ၂၉ ဦးတို့က ပေါင်းမြက်များ ရှင်းလင်းပေးခြင်း၊ ရေနုတ်မြောင်းများ ရှင်းလင်းတူးဖော်ခြင်း လုပ်ငန်းများ အား ဆောင်ရွက် ပေးခဲ့ကြသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် “ကူညီပါရ‌စေ ”ဆိုသည့် ဆောင်ပုဒ်နှင့်အညီပြည်သူနှင့် တသား တည်း အတူရှိပြီး ပြည်သူများ၏အခက်အခဲများကို တရားဥပဒေဘောင်တွင်းမှ ကူညီ ဆောင်ရွက် ပေးလျက်ရှိသလို ယခုဆောင်ရွက်ခဲ့သည့် တိုက်နယ်ပြည်သူ့ဆေးရုံအတွင်း သန့်ရှင်းရေး ဆောင် ရွက်ရခြင်းမှာလည်း အများပြည်သူနှင့်သက်ဆိုင်သော နေရာဖြစ်၍ ရွေးချယ် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ခေတ္တစခန်းမှူးက ပြောကြားသည်။

မောဟေမာန် (ပြန်/ဆက်)