နတ်မောက်မြို့နယ်တွင် မြို့အဝင် /အထွက် ပူးပေါင်းစစ်ဆေးရေးဂိတ် ဖွင့်လှစ် ဆောင်ရွက်

နတ်မောက် စက်တင်ဘာ ၁၄

မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် သည့်အနေဖြင့်  နတ်မောက်မြို့အဝင် မြောက်ဂိတ်နှင့် တောင်ဂိတ် တို့၌ ပူးပေါင်းစစ်ဆေးရေးဂိတ်ကို မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး နှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဦးဆောင်သောအဖွဲ့မှ ယနေ့နံနက် (၈)နာရီအချိန်ခန့်က ပြုလုပ်ခဲ့သည်။

မြို့နယ်ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပုဂ္ဂလိက လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်း ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြို့နယ်တွင် ကိုဗစ်−၁၉ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေး လုပ်ငန်းတစ်ခု အဖြစ် ပူးပေါင်း စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်၍ မော်တော်ယာဉ်အဝင်/အထွက် စာရင်းပြုစု မှတ်သားခြင်း၊ မြို့တွင်း ဖြတ်သန်း သွားလာသော ယာဉ်များကို အမှန်တကယ် ဖြတ်သန်း သွားလာခြင်း ရှိ/မရှိကို စစ်ဆေးရေး ဂိတ်တစ်ခုနှင့် တစ်ခုချိတ်ဆက်၍ စိစစ်ဆောင်ရွက်ခြင်း၊ မြို့အတွင်းသို့ ဝင်ရောက်လာသူများအား ခရီသွားလာခွင့် အထောက်အထားများ စိစစ်၍ Stay at Home ဒေသမှဖြစ်ပါက Quarantine ဝင်ရောက်ရန် စသည့်အချက်များကို စနစ်တကျ စိစစ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ကို မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

သင်းသင်းဝေ(နတ်မောက်)