ရှမ်းရွာသစ် စက်တင်ဘာ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိရှိစေရန်နှင့် ကိုဗစ်-၁၉ရောဂါတို့မှ ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ ယမန်နေ့က မဲသမူးကျေးရွာအုပ်စု ဘောဘောခီးကျေးရွာတွင် ကျန်းမာရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနမှအမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နော်အေးအေးချိုနှင့် ဝန်ထမ်းများက ဒေသနေပြည်သူများ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် နေထိုင်သွားလာကြရန်နှင့် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း ((Mask)များ တပ်ဆင်ပြီးမှ သွားလာကြရန်၊ လူစုလူဝေးများရှောင်ကြဉ်ကြရန်၊ လက်ကို မကြာခဏ စနစ်တကျ ဆေးကြောရန် စသည့်အချက်များကို Hand Speaker ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးနောက် ဒေသနေပြည်သူများအား ((Mask)များကို အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)