စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိရေး မြို့အဝင်နေရာမှ စစ်ဆေးကြပ်မတ်

မြင်းမူ စက်တင်ဘာ ၁၄

 ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့တွင်းသို့ ဝင်ရောက်လာကြသည့် ခရီးသွား ပြည်သူများ အား ကျန်းမာရေးစစ်ဆေးခြင်းနှင့် ခရီးသွားရာဇဝင်များမေးမြန်းမှတ်တမ်းရယူခြင်းလုပ်ငန်းကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ အဝင်နေရာတွင် စခန်းဖွင့်လှစ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အဓိက ထားဆောင်ရွက်နေတာကတော့ ရောဂါကူးစက်ပြန့်နှံ့မှုမရှိအောင်  သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မြို့တွင်းဝင်ရောက်ကြမည့်ခရီးသည်များ၏ ခရီးသွားရာဇဝင်မှတ်ကိုတော့ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက၊    အသေးစိတ်ကောက်ယူလျက်ရှိကြောင်း၊ ကျွန်တော်တို့ အုပ်ချုပ်ရေးဌာနနှင့် အတူ ကျန်းမာရေးဌာန၊ မီးသတ်ဦးစီးဌာနနှင့်  မြို့နယ်ရဲတပ်ဖွဲ့ဝင်များက နံနက်(၇)နာရီမှ ညနေ(၅)နာရီ အထိနေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း  ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး ဦးထွန်းထွန်းဝင်းထံမှ သိရှိရသည်။မှရွက်လျှက်ရှိကြောင်းပင်သာည်

အလားတူ ဧရာဝတီမြစ်ကြောင်း ရေလမ်း၊ ကူးတို့များဖြင့်ဝင်ရောက်လာကြသည့် ခရီးသွားများအား အပူချိန် တိုင်းတာခြင်း၊ ခရီးသွားမှတ်တမ်းရယူခြင်း၊ masks များတပ်ဆင်ထားရှိရေးတို့ကို၊ မြို့နယ်စည်ပင် သာယာရေး အဖွဲ့မှ ဆော်ဩဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)