ဒေးဒရဲ စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ စားသောက်ကုန်ဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကုန်စည်များ၌ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုများ ပြည့်စုံမှု ရှိ/မရှိကို ယမန်နေ့ နံနက် ၁၁ နာရီက ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်စစ်ဆေးရေးမှူး ဦးသိန်းမောင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်း၍ စည်ပင်သာယာ မြို့မဈေးအတွင်းရှိ အာဂျီနိုမိုတို ဟင်းခတ်အချိုမှုန့်နှင့် စားသောက်ကုန်များတွင် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေပါ ညွှန်ကြားချက်များနှင့် အညီ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြမှုများ ပြည့်စုံမှု ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားသုံးသူ ပြည်သူများ ဘေးကင်း လုံခြုံမှုရှိစေရေး ပူးပေါင်းအဖွဲ့က အသိပညာပေး ရှင်းလင်းခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)