လောင်းလုံးမြို့နယ်၊ ပြင်းထိန်ကျေးရွာ၌ စိုက်ပျိုးရေးဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲပြုလုပ်

လောင်းလုံး သြဂုတ်၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပြင်းထိန်ကျေးရွာ၌ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းမှ ပြင်းထိန်ကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုသည်။

စိုက်ပျိုး​​ရေးဆိုင်ရာပညာပေးဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြေအသုံးချရေးတာဝန်ခံ၊ သီးနှံကာကွယ်ရေးတာဝန်ခံ၊ တိုင်းမျိုးစေ့တာဝန်ခံ၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဆည်မြောင်းဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် တောင်သူအပါအဝင် (၅၀) ဦးတက် ရောက်ပါခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆောင်ရွက်ရာ၌ စိုက်ပျိုးရေးဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက် တိုင်းမြေမှ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ အချိုးကျ အချိန်ကိုက် သုံးစွဲခြင်းကြောင့် စပါးအထွက်တိုးစေကြောင်း၊ တိုင်းသီးနှံတာဝန်ခံမှ ပိုးမွားရောဂါ ကျရောက်ပုံ နှင့် ကာကွယ်မှု၊ ရွှေခရုကာကွယ်ရန်၊ တိုင်းမျိုးစေ့တာဝန်ခံမှ စပါးမျိုးစေ့ ထုတ်စိုက်ခင်း ထုတ်လုပ်ရခြင်း ရည်ရွယ်ချက်နှင့် မျိုးကွဲပယ်ပုံ၊ မြို့နယ်ဦးစီးမှူး နွေစပါး၊ နေကြာ၊ ပိုက်ဆံလျော် စိုက်ပျိုးလျှင် ဌာနမှနည်းပညာ၊ ပစည်းထောက်ပံမည့်အကြောင်း၊ ဆည်မြောင်းတာဝန်ခံ ရေရရှိရေးအကြောင်းများ ဆွေးနွေးပြီး ပညာပေးလက်ကမ်းစာစောင်များ ပေးအပ်ခဲ့ပါသည်။ ထို့နောက်တောင်သူများ၏ မေးမြန်းချက်များအား တာဝန်ခံများ ဖြေကြားပေးလျက်ရှိကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)