မြောင်းမြမြို့၌ ဆန်စက်ပိုင်ရှင်များနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ အ​ခြေခံလူတန်းစား အိမ်ထောင်စုများအား ဆန်နှင့်ကြက်ဥများ ထောက်ပံ့လှူဒါန်း

မြောင်းမြ သြဂုတ် ၂၇

ဧရာဝတီတိုင်း​​ဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှု့ဖြင့် မြောင်းမြမြို့ရှိ ဆန်စက်ပိုင်ရှင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ မြောင်းမြမြို့နယ်အတွင်းရှိ​ခြေခံလူတန်းစား အိမ်ထောင်စုများအား ဆန်နှင့်​ကြက်ဥများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့နေ့လယ် (၁) နာရီမှ စတင် ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တို့တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းမှုတွင် မြို့ပေါ်ရပ်ကွက်(၁၆)ရပ်ကွက်ရှိ အခြေခံလူတန်းစား  အိမ်ထောင်စုတစ်စုလျှင် ဆန် (၃) ပြည်နှင့် ကြက်ဥများ ထောက်ပံ့လှူဒါန်းပေးခဲ့သည်။

ထိုသို့လှူဒါန်းပေးမှုတွင် ယနေ့မှစ၍ ရပ်ကွက်အလိုက် အလှည့်ကျလှူဒါန်းခြင်းဖြစ်၍ ကျန်ရှိနေသော ရပ်ကွက်များအား ဒုတိယနေ့ (၂၈-၈-၂၀၂၂) ရက်နေ့နံနက်ပိုင်းမှစ၍ ဆက်လက် လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုလှူဒါန်းမှုတွင် မြောင်းမြမြို့ပေါ်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု ၅၃၀၀ ကျော်ကို လှူဒါန်းပေး သွားမည်ဖြစ်ကြောင်းသိရပြီးအလှူရှင်များ ထပ်မံရရှိလာပါကလည်း ယခုကဲ့သို့ ဆက်လက် လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)