မြန်အောင် သြဂုတ် ၂၈
မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကွဲကွာပျောက်ဆုံးနေသော မိသားစုဝင်ကို ရှာဖွေနိုင်ရန် ယနေ့နံနက်က မြန်အောင်နေခြည်စျးရှေ့တွင် မိသားစုပြန်လည် ဆက်သွယ် ပေးရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
တကွဲတပြား ဖြစ်သွားသော မိသားစုများကို လူသားချင်း စာနာထောက်ထားမှု လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းဖြင့် မိသားစုအဆက်အသွယ် ပြန်လည်ရရှိစေရန်ရည်ရွယ်၍ မိသားစုပြန်လည် ဆက်သွယ်ပေးရေးလုပ်ငန်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်း မိသားစု ပြန်လည်ဆက်သွယ်ပေးရေး ဌာနက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းဗိုလ် (မြန်အောင်)