ရေဦး ဩဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့တွင် မြို့အင်္ဂါရပ်နှင့်ညီညွတ်စေရေးအတွက် တိုင်းဒေသကြီးစည် ပင်သာယာရေးအဖွဲ့၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် ရေဦးမြို့၊ အောင်ဆန်းရပ်ကွက် ဗေဒါလမ်းအား ကွန်ကရစ်လမ်းခင်းခြဆာင်ရွက်လျက်ရှိရာ ယမန်နေ့က လုပ်ငန်းများရာနှုန်းပြည့်နီးပါး ပြီးစီးသွားပြီဖြစ်ရာ ပြည်သူများသွားလာရေး အဆင်ပြေလျက် ရှိကြောင်းသိရသည်
ဗေဒါလမ်း ကွန်ကရစ်ခင်းပြီးသွားလို့ သွားလာရတာအဆင်ပြေတယ် အရင်ကဆို မိုးများရင် လမ်းက သွားလာရတာအဆင်မပြေဘူး ဒီလမ်းကို အဓိကထားသုံးပြီး သွားရတာလေ ကွန်ကရစ်ခင်းလိုက်တော့ ရပ်ကွက်အတွင်း သန့်ရှင်းသာယာသွားသလို အများပြည်သူတွေ သွားလာရတာအဆင်ပါတယ်ဟု အဆိုပါရပ်ကွက်နေပြည်သူတစ်ဦးက ပြောကြားသည်
အဆိုပါလမ်းသည် အရှည် ၅၈၀ ပေ၊ အကျယ် ၁၄ ပေ၊ ထု ၆ လက်မရှိပြီး တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုငွေဖြင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့က တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
သန်းထိုက် (ရေဦး)