၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့် ကျောင်းတွင်းစာမေးပွဲတွင် ထူးချွန်အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပ

ဒေးဒရဲ သြဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အမှတ်() အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့် ကျောင်းတွင်းစာမေးပွဲတွင် ထူးချွန်အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက်()နာရီက အဆိုပါကျောင်းဝန်းအတွင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်သိမ့်က ဆုချီးမြှင့်ပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်း ပြောကြားခြင်း၊ မိဘဆရာအသင်းဥက္ကဋ္ဌ ဦးဇော်ဝင်းက ကျောင်းဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက္ကသိုလ်ဝင်တန်း အောင်မြင်သူဂုဏ်ထူးဆုရ ကျောင်းသား၊ ကျောင်းသူများ၊ သင်ကြားပြသပေးခဲ့သော ဆရာ၊ ဆရာမများ၊ ကျောင်းတွင်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ များနှင့် စာစီစာကုံး၊ ပန်းချီ၊ ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသူများအား မြို့နယ်ပညာရေးမှူး ဦးလှစိုးနှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်များက ဂုဏ်ပြု ဆုများ အသီးသီးချီမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျောင်သား၊ ကျောင်းသူများ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပေးကြသော အလှူရှင်များကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်သိမ့်က ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အေဇာလင်း