ရွှေကျင်မြို့နယ်တွင် ရွှေကျင်ချောင်း သဘာဝရေပြင်အတွင်းသို့  ငါးမျိုးစိုက်ထည့်

 ရွှေကျင် ဩဂုတ် ၂၇   

ပဲခူးတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပျဉ်းမပင်ရပ်ကွက် ရွှေကျင်ချောင်း သဘာဝရေပြင်အတွင်းသို့ ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ငါးစားသုံးမှု ဖူလုံစေရေးတို့အတွက်   ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက်  ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ရွှေကျင်မြို့နယ် စစ်ဗျူဟာ(အခြေချ‌)ရွှေကျင် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ဖုန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးထိန်ဝင်းနှင့်ဝန်ထမ်းများ၊  ဌာနဆိုင်ရာအကြီးအကဲများ၊ သနပ်ပင် ငါးလုပ်ငန်းစခန်းမှ တာဝန်ခံဒေါ်စန်းစန်းဦး၊  ‌ မြို့နယ်ငါးလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက  နှစ်လက်မအရွယ်  ငါးမြစ်ချင်းအကောင်ရေ (၂၃၀၀၀၀)နှင့် ငါးခုံးမကြီး အကောင်ရေ(၁၅၀၀၀၀)၊ စုစုပေါင်း ငါးသား‌ပေါက် ကောင်ရေ (၃၈၀၀၀၀)အား ရွှေကျင်ချောင်း သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)