ပန်းတောင်းမြိုနယ် ဥသျှစ်ပင်စျေးတွင် အစားအသောက် ရောင်းချသည့်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချမှု ရှိ/မရှိလိုက်လံစစ်ဆေး

ပန်းတောင်း  စက်တင်ဘာ  ၁၄

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်းပပျောက်ရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပန်းတောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ ပန်းတောင်းမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ အရက်ဆိုင်များ၊ ခေါက်ဆွဲဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် လူစုလူဝေးများ မဖြစ်ပေါ်စေရေး အတွက် အစားအသောက်ရောင်းချသည့် ဆိုင်များအားလုံး ဆိုင်ထိုင်စားရောင်းချခြင်းအား ယနေ့မှစ၍ ယာယီ ပိတ်သိမ်းပြီး ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေး ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ထိုသို့ထုတ်ပြန်ကြေညာချက်အား အစားအသောက်ရောင်းချသည့် ဆိုင်များသို့ ပေးပို့ခြင်းများ ဆောင်ရွက်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ကြေညာချက်အား လိုက်နာဆောင်ရွက်မှုရှိစေရေးအတွက် ပန်းတောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူများမှ လိုက်လံစစ်ဆေး အသိပေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

သင်းသင်းအေး(ပြန်/ဆက်)