ပန်းတောင်းမြို့နယ် ဥသျှစ်ပင်စျေးတွင် စျေးရောင်း၊ စျေးဝယ်သူများအား Mask အခမဲ့ တပ်ဆင်ပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ပန်းတောင်း စက်တင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်စျေးတွင် ကိုဗစ် -၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးအတွက် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံက်ပိုင်းက ဥသျှစ်ပင်စျေးတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်နိုင်ရန် ကျန်းမာရေးနှင့် ညီညွှတ်သော နှာခေါင်း စည်းများ အခမဲ့ တပ်ဆင်ပေးခြင်း၊

နှာခေါင်းစည်းများကို စနစ်တကျ အသုံးပြုနိုင်ရေးနှင့် မဖြစ်မနေ အိမ်အပြင်ထွက်ပါက နှာခေါင်းစည်း တပ်ဆင်သွားလာကြရန်နှင့် တစ်ဦးချင်းလိုက်နာရမည့် အချက်များ၊ ရောဂါမကူးစက်အောင် ရှောင်ရန်၊ ဆောင်ရန် အချက်များ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်  အသိပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဦးမြင့်သိန်းဦးနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်း ပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)