နတ်မောက်မြို့ဈေးရပ်ကွက်တွင် လျှပ်စစ်ဓာတ်အားကြိုးလိုင်းများနှင့် ထိတွေ့နေသော သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း   

နတ်မောက်  စက်တင်ဘာ   ၁၄  

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း၏ ကြီးကြပ် ဦးဆောင် မှုဖြင့် ယမန်နေ့ ညနေ ၃နာရီက ဈေးရပ်ကွက်အတွင်း ဘူတာသစ်လမ်းမြောက်ဘက်ခြမ်းပိုင်းရှိ ပေ ၃၀ လမ်းသွယ်များတွင် လျှပ်စစ်ဓာတ်အားလိုင်းကြိုးများဖြင့် ထိနေသော သစ်ကိုင်းများအား မြို့နယ် လျှပ်စစ်ဝန်ထမ်းများက လာရောက် ခုတ်ထွင်ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

 “ကျွန်တော်တို့လမ်းက သစ်ပင်တွေများတော့လျှပ်စစ်လိုင်းကြိုးတွေနဲ့ ထိနေတာတွေများပါတယ်။ လေတိုက်တာတွေ၊ မိုးရွာတာတွေရှိတာကြောင့် ဓာတ်တိုင်က နေအိမ်မှာသွယ်တန်းထားတဲ့မီးကြိုးတွေဆိုရင် သစ်ကိုင်းနဲ့ရိုက်မိပြီး ဓာတ်ကြိုးပြုတ်ကျတာတွေလည်းရှိပါတယ်၊ ယခုလိုမြို့နယ်လျှပ်စစ်ကနေ လာရောက် ခုတ်ထွင်ရှင်းလင်းပေးခြင်းကြောင့်  ကျွန်တော်တို့ ပြည်သူတွေ လျှပ်စစ်အန္တရာယ်ကနေ ကင်းရှင်းသွားသည့် အတွက်  ဝမ်းသာပါတယ်”ဟုစျေး ရပ်ကွက်နေ ဦးဝင်းရွှေမှ ပြောကြားခဲ့ကြောင်း သိရသည်။

လှဝင်း(နတ်မောက်)