အင်္ဂပူမြို့တွင် သဘာဝဘေးတုံ့ပြန်ရေး‌  Table Top Exercise ဆွေးနွေးပွဲပြုလုပ်

အင်္ဂပူ   ဩဂုတ်  ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ဩဂုတ်လ ၂၅ ရက်နေ့က သဘာဝဘေးအ‌ရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာအဖွဲ့ဝင်များနှင့် Table Top Exercise  ဆွေးနွေးပွဲကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အမှာစကားပြောကြားပြီး တက်ရောက်လာသော မြို့နယ်သဘာဝဘေးအရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ အ‌တွေ့အကြုံ များအား ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်မြို့နယ် သဘာဝ ဘေးအရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ပြီး မြို့နယ်အတွင်းသဘာဝဘေး(ရေဘေး၊လေဘေး၊ဆူနာမီဘေး၊ငလျှင်ဘေး) အန္တရာယ်များဖြစ်‌ပေါ်လာပါက မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် အချိန်နှင့်တပြေးညီ အလျင်အမြန်တုန့်ပြန်‌ ဆောင်ရွက် နိုင်ရန် သက်ဆိုင် ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး Table Top Exercise ဆွေးနွေးပွဲ ပြုလုပ်ရခြင်း ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှသိရသည်။

မန်းကျော်(ပြန်/ဆက်)