ဒိုက်ဦး သြဂုတ် ၂၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဘောနီကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ အသေးစားစက်မှုလုပ်ငန်းဖြစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာချက်လုပ်နည်းအား ဒိုက်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာအတွင်းရှိ အမျိုးသမီးငယ်များအား ယမန်နေ့နံနက်ပိုင်းက သရုပ်ပြသင်ကြားပေးခဲ့သည်။
အဆိုပါ သရုပ်ပြသရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ကြည့်ရှု့အားပေးခဲ့ကြသည်။ မြို့ကြီးတွင် အချိန်ကုန်၊ ငွေကုန်ခံ၍ သင်ကြားရမည့် အသက်မွေးဝမ်းကြောင်းပညာရပ်ကို ယခုလို ရွာငယ်လေးတွင် အသေးစား စက်မှုလုပ်ငန်းဖြစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာချက်လုပ် နည်းအား ကွင်းဆင်းသင်ကြားပေးသည့်အတွက် သက်ဆိုင်ရာ ဌာနများအား အထူး ကျေးဇူးတင်ပါကြောင်း၊ ယခုလုပ်ငန်းသည် အိုးမကွာ၊ အိမ်မကွာဖြင့် တစ်ပိုင်တစ်နိုင် လုပ်ငန်းဖြစ်သည့်အပြင် အလုပ်လက်မဲ့ပြဿနာအား တစ်ဖက်တစ်လမ်းမှ ဖြေရှင်းပေးရာ ရောက်ပါကြောင်း၊ သင်ထောက်ကူပစ္စည်းများ၊ ပညာရပ်များအား ထောက်ပံပေးအပ်သည့် အတွက် ကျေးဇူးတင်ပါကြောင်း အမျိုးသမီးတစ်ဦးကပြောကြားခဲ့ပါသည်။
မြို့နယ်(ပြန်/ဆက်)