ဆေးဆိုင်များအား လိုင်စင်ရှိ/မရှိ စစ်ဆေးခြင်းနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

သရက် ဩဂုတ် ၂၆

မကွေးတိုင်းဒေသကြီးသရက်မြို့၌ ဆေးဆိုင်များအား လိုင်စင် ရှိ/မရှိ စစ်ဆေးခြင်းနှင့် သက်တမ်းလွန် ဆေးဝါးများ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်း၊ သတ်မှတ်စည်းကမ်းချက်နှင့်အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ဆေးဝါးရောင်းချသည့် ဆေးဆိုင်များအား ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆေးဝါးရောင်းချနေသည့် ဆေးဆိုင်များအား စစ်ဆေးဆောင်ရွက်ရာတွင် ဆေးဆိုင်များ လိုင်စင် ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်း၊ ဆေးဝါးရောင်ချသည့် လိုင်စင်ကို ဆိုင်အပြင်ဘက်တွင် ချိတ်ဆွဲ ထားရှိမှု ရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆေးဝါးရောင်းချသည့် ဈေးဆိုင်များအား စစ်ဆေးဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတိုင်းတာဝန်ခံနှင့် ဝန်ထမ်းများ၊ ခရိုင် ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ် မီးသတ်တပ်ဖွဲ့တို့မှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်