ငဖဲမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) အချက်အလက်များ Data Base ရေးသွင်းခြင်းလုပ်ငန်း အောင်မြင်စွာဆောင်ရွက်ပြီးစီး

ငဖဲ  ဩဂုတ် ၂၆

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲများ ကျင်းပရာတွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေးအတွက် မြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ-၆၆ /၆)အချက်အလက်များကို e-ID စနစ်ဖြင့် Sofeware Program နည်းပညာအသုံးပြု၍ Data Baseရေးသွင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ တစ်မြို့နယ်လုံးစာရင်းဖြည့်သွင်း ဆောင်ရွက်ရမည့် အိမ်ထောင်စု (၁၃၃၇၁)စုကို ယမန်နေ့က အောင်မြင်စွာ ဖြည့်သွင်းဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

ငဖဲမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း( ပုံစံ- ၆၆ / ၆) အချက်အလက်များကို e-ID စနစ်ဖြင့် Sofeware Program နည်းပညာအသုံးပြု၍ Data Base ရေးသွင်းခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ ဦးဆောင်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကွန်ပျူတာ ၇ လုံးဖြင့် ဇူလိုင်လ ၁၈ ရက်နေ့မှစ၍ နေ့စဉ်ရေးသွင်းဆောင်ရွက်ခဲ့ကြကာ ဩဂုတ်လ ၂၅ ရက်နေ့တွင် တစ်မြို့နယ်လုံး စာရင်းဖြည့်သွင်းရမည့် အိမ်ထောင်စု (၁၀၈၉၁)စု ရှိရာတွင် အိမ်ထောင်စုပေါင်း (၁၃၃၇၁) စု၊ လူဦးရေ ကျား/ မစုစုပေါင်း (၆၀၆၇၈) ဦး ဖြည့်သွင်းဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ၁၂၂ ဒသမ ၈ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးပွားမောင်ထံမှ သိရသည်။ 

မယု(ငဖဲ)