ရှမ်းရွာသစ်မြို့ ခလော့ဒေးကျေးရွာတွင် Cash For Work စီမံကိန်းလုပ်ငန်းများ (၉၀)ရာခိုင်နှုန်းဆောင်ရွက်ပြီးစီး

ရှမ်းရွာသစ် စက်တင်ဘာ ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပိုးပလေကျေးရွာအုပ်စု ခလော့ဒေးကျေးရွာတွင် နိုင်ငံတော်မှချမှတ်ထားသော ကိုဗစ်-၁၉ကာလ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ကျေးလက်နေပြည်သူများဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်နေသည့် ကျေးရွာတွင်း လမ်းပြုပြင်ခြင်းလုပ်ငန်းနှင့် လမ်းဘေးဝဲယာ ရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများကို ဩဂုတ်လမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ရာမှ ယခုအချိန်တွင် (၉၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါစီမံကိန်းလုပ်ငန်းတွင် လမ်းဘေးဝဲယာ ရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းနှင့် အရှည်(၁)မိုင်၊ အကျယ်(၁၅)ပေရှိသော ကျေးရွာတွင်းလမ်းပြုပြင်ခြင်းလုပ်ငန်းကို ခွင့်ပြုငွေကျပ်(၁၀)သန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအချိန်တွင် (၉၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ ပြီးစီးပါက ကျေးရွာနေပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေပြီး ယခင်ကထက် ပိုမိုဖွံ့ဖြိုးလာကာ မိသားစုများလည်း အပိုဝင်ငွေရရှိ၍ အဆင်ပြေကြကြောင်းကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)