အမာမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်

အမာ သြဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် ယနေ့ နံနက်(၁၁)နာရီက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး နော်လေးလီယန်က အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုကာကွယ်‌ရေးနှင့် ပတ်သက်၍ အကြမ်းဖက်မှုအမျိုးအစားများ၊ အမျိုးသမီးများ ရရှိသင့် သည့် အခွင့်အရေးများ၊ တန်းတူရည်တူ အခွင့်အရေးများ ရရှိသင့် ကြောင်းနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်ပါက ကာကွယ်ပေးထားသည့် ဥပဒေများ စသည်ဖြင့် ဆွေနွေးခဲ့ပြီး ရုပ်သံကျွမ်းကျင်-၃ ဒေါ်လှယဉ်သိန်းက အမျိုးသမီးများကို အတင်းအကြပ် အနိုင်အထက်ပြု လက်ထပ်ခြင်းနှင့် ပတ်သက်သည့် အကြောင်းတို့ကို ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာနှင့် ပြင်ပအသိပညာ ဗဟုသုတများ တိုးပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များကို ဖိတ်ခေါ်၍ အွန်လိုင်း စနစ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲများကိုလည်း စီစဉ်ကျင်းပ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အမာ(ပြန်/ဆက်)