စလင်း သြဂုတ် ၂၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ ဆန်စက်၊ ဆီစက်၊ ပွဲရုံ၊ ကားဂိတ်များတွင် လုပ်ကိုင်လျက်ရှိသော မှတ်ပုံမဝင်လုပ်သားများအား စာရင်းကောက်ယူခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ ဌာနဆိုင်ရာများ ပူးပေါင်းပါဝင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ မှတ်ပုံမဝင်လုပ်သားများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရန် ညွှန်ကြားချက်များနှင့်အတူ စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်ကြီးကြပ်လမ်းညွှန်မှုများဖြင့် စလင်းမြို့နယ်အတွင်း လုပ်ကိုင်စားသောက်လျက်ရှိသော ဆီစက်၊ ဆန်စက်၊ ပွဲရုံလုပ်ငန်းများနှင့် ကားဂိတ် လုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိသော မှတ်ပုံမဝင်လုပ်သားများ စာရင်းကောက်ယူရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ သက်ဆိုင်ရာဌာနအသီးသီးတို့ ပူးပေါင်းပါဝင်သောအဖွဲ့တို့မှ မြို့နယ်အတွင်းလုပ်ကိုင်လျှက်ရှိကြသော မှတ်ပုံမဝင်လုပ်သားများ စာရင်းကောက်ယူရန် အတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မောင်လွင်(စလင်း)