ဇီးကုန်း ဩဂုတ် ၂၆
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့်လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်မှ (၁၇)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Myancophram)ကို ယနေ့နံနက် ၉ နာရီက အ.ထ.က(မြို့မ)ကျောင်း၌ ဒုတိယအကြိမ် ထိုးနှံပေးခဲ့သည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့၏ ကူညီဆောင်ရွက်မှုဖြင့် ယနေ့တွင် အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်မှ (၁၇)နှစ်ထိ ကျောင်းသား၊ ကျောင်းသူ (၃၅၀) ဦးကို သက်ဆိုင်ရာကျောင်းများ အလိုက် ကျောင်းအုပ်ဆရာကြီးများ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Myancophram)ကို ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့သည်။
ဆေးထိုးရန်ကျန်ရှိနေသော ကျောင်းသားကျောင်းသူများကို နောက်ရက်များတွင် သက်ဆိုင်ရာအုပ်စုများအလိုက် သတ်မှတ်ပြီး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)