ဖြူး ဩဂုတ် ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း မြို့ပေါ်နှင့်ကျေးရွာ အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဖြူးမြို့နယ်ကျန်းမာရေးဦးစီးဌာနက ဆောင်ရွက်ပေးနေလျက်ရှိရာ ဩဂုတ်(၂၆)ရက်နေ့၊ နံနက်ပိုင်းက ဖြူးအရှေ့ ကျေးရွာအုပ်စု၊ ဘန်းလောင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျန်းမာရေးအသိပညာပေးဟောပြော၍ ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုတင်(၁၀၀)ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာအာကာက ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောသည်။ ဆက်လက်၍ ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား သံချဆေးများ တိုက်ကျွေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ သွားနှင့်ခံတွင်းစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ချောင်းဆိုးခြင်းနှင့် မိုးရာသီကာလတွင် အဖြစ်များသည့် ခြေထောက်သဲဝဲစားခြင်းနှင့် အရေပြား ရောဂါများကို ကုသပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)