ကျွန်းစု ဩဂုတ် ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့တွင် ကျရောက်မည့် ဒသမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီ (၃၀)မိနစ် အချိန်က ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲခေါင်းစဉ်များအဖြစ် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “လူကုန်ကူးမှုတိုက်ဖျက်ဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် “လူကုန်ကူးမှုအန္တရာယ် ဝိုင်းဝန်းပူးပေါင်းတို့ကာကွယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပန်းချီပြိုင်ပွဲတွင် “လူကုန်ကူးမခံရရေး စုပေါင်းကာကွယ်တားဆီးပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကာတွန်းပြိုင်ပွဲတွင် “ကျွန်ပိုင်ရှင်စနစ်မှသည် လူကုန်ကူးမှုပပျောက်ဖို့ကာကွယ်တားဆီးကြပါစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးကျင်းပခဲ့ကြောင်း သိရသည်။
စာစီစာကုံးပြိုင်ပွဲ၌ မူလတန်းအဆင့် (၁၂)ဦး၊ အလယ်တန်းအဆင့် (၂၁)ဦး၊ အထက်တန်းအဆင့် (၅)ဦး၊ ပန်းချီပြိုင်ပွဲတွင် အထက်တန်းအဆင့် (၆)ဦး၊ ကာတွန်းပြိုင်ပွဲတွင် အထက်တန်းအဆင့် (၄)ဦး၊ အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ပန်းချီ၊ ကာတွန်းပြိုင်ပွဲများကို မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)