လေပြင်းတိုက်ခတ်မှုကြောင့် မေတ္တာပျိုးခင်း မူကြိုကျောင်းဆောင် သစ်ပင်ပိ၍ အမိုးလန်ပျက်စီး

သာပေါင်း ဩဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အိမ်ဆိုးချောင်းကျေးရွာအုပ်စု၊ အိုးဘိုရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ယမန်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်အချိန်က မေတ္တာပျိုးခင်း မူကြိုကျောင်းဆောင် သစ်ပင်ပိ၍ အမိုးလန်း ပျက်စီးခဲ့ရသည်။

ထိုသို့လေပြင်းတိုက်ခတ်မှုကြောင့် သာပေါင်းမြို့နယ်၊ အိမ်ဆိုးချောင်း ကျေးရွာအုပ်စု၊ အိုးဘိုကြီးကျေးရွာ၊ မေတ္တာပျိုးခင်း မူကြိုကျောင်းဆောင်တွင် တာဝန်ခံကျောင်းအုပ် ဒေါ်ပန်းအိစံ၊ ဆရာမ(၂)ဦးတို့ဖြင့် ကျောင်းသား (၈)ဦး၊ ကျောင်းသူ (၇)ဦး၊ ပေါင်း (၁၅)ဦးတို့ ပညာသင်ကြားလျက်ရှိနေသည့် (အလျား ၄၅ ပေ၊ အနံ ၂၄ ပေ) သွပ်မိုး၊ ပျဉ်ခင်း၊ ကျောက်ပြားကာ သစ်ပင်ပိပျက်စီးသွားခဲ့သည့် သွပ် (၁၂)ပေ (၁၀)ချပ်၊ ဟော်လိုကျားတန်း (၂)ချောင်း၊ မြှားတန်း (၁၀)ချောင်း၊ အကာကျောက်ပြား (၃)ချပ်တို့ တစ်စိတ်တစ်ပိုင်း ကျိုးပျက်ကွဲကျ ပျက်စီးခဲ့ရသည်။

ကျောင်းသား၊‌ ကျောင်းသူများ စာသင်ကြားမှုမပျက်ရေးအတွက် အိမ်ဆိုးချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်း‌ဌေးသိန်းနှင့် အထောက်အကူပြုအဖွဲ့များက ပူးပေါင်းကူညီ ရှင်းလင်းဆောင်ရွက် ပေးထားလျက်ရှိပြီး ၎င်းဖြစ်စဉ်၌ လူနှင့်တိရစ္ဆာန် အသက်အန္တရာယ်၊ အခြားထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း(ပြန်/ဆက်)