ဝါးခယ်မ ဩဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ကို လစဉ် ၂၁ ရက်နေ့မှစ၍ ရုံးချိန်အတွင်း မြန်မာ့စီးပွားရေးဘဏ်ခွဲရှိ ဝန်ထမ်းများက ထုတ်ပေးလျက်ရှိကြောင်း သိရ သည်။
အဆိုပါ ပင်စင်လစာများကို ထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ စနစ် တကျ ထုတ်ပေးလျက်ရှိရာ ဝါးခယ်မမြို့နယ်တွင် ပင်စင်စားဝန်ထမ်း (၂၇၅၇)ဦးရှိပြီး ဩဂုတ်လ၂၁ ရက်နေ့မှ စက်တင်ဘာလ ၂၀ ရက်နေ့အထိ နေ့စဉ် နံနက်(၉)နာရီမှ နေ့လယ်(၂)နာရီထိ ပင်စင်လစာငွေများ ထုတ်ပေး သွားမည်ဖြစ်သည်။ ဩဂုတ်လ ၂၁ ရက်နေ့မှ ယနေ့အထိ လာရောက်ထုတ်ယူသူ (၁၅၂၈)ဦးရှိပြီး ကျန်ရှိသူများ အား ဘဏ်လုပ်ငန်းချိန်အတွင်း၌ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဟိန်းထက်လင်း(ဝါးခယ်မပြန်/ဆက်)