လှိုင်းဘွဲ ဩဂုတ် ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ လူငယ်လူရွယ်များအနေဖြင့် ဘောလုံးအားကစားဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်၍ မိုးရာသီဘောလုံးပြိုင်ပွဲ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ဇွဲမာန်ဘောလုံးအားကစားကွင်း၌ ဆက်လက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
၂၀၂၂-ခုနှစ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား၊ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို လှိုင်းဘွဲမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ စုစုပေါင်းဘောလုံးအသင်း(၃၀)သင်းတို့က အုပ်စုပွဲစဉ်အဖြစ် မနက်ပိုင်းတွင် ဘောလုံးအသင်း(၄)သင်း၊ ညနေပိုင်းတွင် ဘောလုံးအသင်း(၂)သင်းဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ဘောလုံးပြိုင်ပွဲကို ဩဂုတ်လ(၂၀)ရက်နေ့မှစတင်ကာ စက်တင်ဘာလ(၁၁)ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနထံမှ သိရှိရသည်။
လင်းသန့်(ပြန်/ဆက်)