သာပေါင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီစပါး စိုက်ပျိုးစရိတ်ချေးငွေ ဆက်လက်ထုတ်ချေးပေး

သာပေါင်း ဩဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က ဆက်လက်ထုတ်ချေးပေးနေလျက်ရှိသည်။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ မန်နေဂျာ ဒေါ်သန်းသန်းအေးမှ တောင်သူများအား မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်း၊ တစ်နှစ် ၅% အတိုးဖြင့် ထုတ်ချေးပေးခြင်းဖြစ် ကြောင်း၊ ချေးငွေများ ထုတ်ချေးပေးရာတွင် ယခင်နှစ်ချေးငွေများ အချိန်မီပြန်လည်ပေးဆပ်ပြီးသည့် တောင်သူ များအား ဦးစားပေး ထုတ်ချေးပေးလျက်ရှိကြောင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေများကို အကျိုးရှိစွာ သုံးစွဲစေရေး တို့ကို ရှင်းလင်းမှာကြားခဲ့ပြီး‌ ကျွန်းကုန်းကျေးရွာအုပ်စုမှ ၂၀၂၀-၂၀၂၁ မိုးစိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျေပြေ ဒုတိယအသုတ် တောင်သူ(၁၀)ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် (၆၅)ဧကအတွက် ကျပ်သိန်း ကိုးဆယ့်ခုနှစ်သိန်းငါးသောင်း၊ ကွင်းကောင်ကျေးရွာအုပ်စုမှ ၂၀၂၀-၂၀၂၁ မိုးစိုက်ပျိုးစရိတ် ချေးငွေ ကြွေးကျေပြေ ဒုတိယအသုတ် တောင်သူ(၉)ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်း ဖြင့် (၃၄)ဧကအတွက် ငါးဆယ့်တစ်သိန်း၊ မကျီးကုန်းကျေးရွာအုပ်စုမှ ၂၀၂၀-၂၀၂၁ မိုးစိုက်ပျိုး စရိတ်ချေးငွေ ကြွေးကျေပြေ ဒုတိယအသုတ် တောင်သူ(၄၅)ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် (၃၄၂)ဧကအတွက် ငါးရာတစ်ဆယ့်သုံးသိန်းတို့ကို တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့သည်။

နိုင်ငံတော်မှ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သည့် တောင်သူများအား စိုက်ပျိုးစရိတ်အရင်းအနှီး ရရှိစေရေး အတွက် နှစ်စဉ်ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအား မေလမှ စက်တင်ဘာလအထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ယခင်နှစ်ကြွေးကျန်ရှိသည့် တောင်သူများအနေဖြင့်လည်း ကြွေးကျန်များ ပေးဆပ်ပြီးပါက ဆက်လက်ထုတ်ချေးပေးသွား မည်ဖြစ်ကြောင်း၊ ကျေးရွာအုပ်စု(၆၀)၊ စိုက်ပျိုးဧက(၁၃၀၀၀)၊ ချေးငွေ(၁၉၅၀၀၀၀၀၀၀)ကို ထုက်ချေးပေးထားရန် လျာထားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ် ဘဏ်ခွဲ မြို့နယ်မန်နေဂျာ ဒေါ်သန်းသန်းအေးထံမှ သိရသည်။

မျိုးဇော်သိန်း