မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၂၁)နှစ်နှင့်အောက် မိုးရာသီအမျိုးသား ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲကျင်းပ

မအူပင် ဩဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်နှင့် တိုက်နယ် အသက်(၂၁)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ညွန့်ပေါင်း(၃) ဘောလုံးအသင်းနှင့် မြို့မတိုက်နယ် ဘောလုံးအသင်းတို့ ယမန်နေ့ ညနေ (၃)နာရီ (၃၀)မိနစ်အချိန်က မအူပင်မြို့ ပြည်သူ့ အားကစားကွင်းကြီးအတွင်း ယှဉ်ပြိုင်ကစားခဲ့ကြသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲပထမပိုင်း (၄၅)မိနစ်အပြီးတွင် ညွန့်ပေါင်း(၃) ဘောလုံးအသင်းမှ မြို့မတိုက်နယ် ဘောလုံးအသင်းအား (၂)ဂိုး(၀)ဂိုးဖြင့် ဦးဆောင်လျက်ရှိပြီး ဒုတိယပိုင်း (၄၅) မိနစ်အား အကြိတ်အနယ် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြရာ (၄)ဂိုး (၁)ဂိုးဖြင့် ညွန့်ပေါင်း (၃)ဘောလုံးအသင်းမှ အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲ ပွဲစဉ်သို့ တက်ရောက်သွားခဲ့သည်။

မအူပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၂၁)နှစ်နှင့်အောက် မိုးရာသီအမျိုးသား ဘောလုံး ပြိုင်ပွဲ လက်ကျန်ပွဲစဉ်အဖြစ် ဩဂုတ်လ (၂၆)ရက်နေ့တွင် ကျွဲဒုံး တိုက်နယ် ဘောလုံးအသင်းနှင့် လေးအိမ်စု တိုက်နယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဩဂုတ်လ (၂၈)ရက်နေ့တွင် ဗိုလ်လုပွဲ ပွဲစဉ်အား ဆက်လက်ယှဉ်ပြိုင် ကစားသွား မည်ဖြစ်ကြောင်း သိရသည်။

မအူပင်ခရိုင် (ပြန်/ဆက်)