မအူပင် ဩဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူပေါင်း၍ သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က ကျင်းပသည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် မအူပင်ခရိုင် ဦးစီးအရာရှိ ဦးအာကာဦးက အဖွင့်မိတ်ဆက်စကား ပြောကြားပြီး မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးချမ်းမြေ့ရာဇာမှ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ပြည်သူများ သိသင့်သိထိုက်သည့် အကြောင်းအရာများ၊ သဘာဝဘေးအန္တရာယ် ရုတ်တရက် ပေါ်ပေါက်လာပါက မီးသတ်ဦးစီးဌာနအနေဖြင့် မည်သို့တုံ့ပြန်ဆောင်ရွက်ရမည့် အကြောင်းအရာများနှင့် မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ ကြောင်း သိရသည်။
မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် Online အသိပညာပေးလုပ်ငန်း ဆောင်ရွက်မှုများအား ခရိုင်ပြည်သူ့စာကြည့်တိုက် Page တွင် စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိ ကြောင်း သိရသည်။
မအူပင်ခရိုင် (ပြန်/ဆက်)