လိပ်သို သြဂုတ် ၂၆
မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ် BA.4 နှင့် BA.5 များကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဒေသနေပြည်သူများ သိရှိလိုက်နာကြစေရန် အသိပညာပေးနှိုးဆော်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လိပ်သိုမြို့ရုံး ဝန်ထမ်းများက ကရင်မြန်မာနှစ်ဘာသာဖြင့် မြို့ပေါ်/ရပ်ကွက်များအတွင်း Hand Speaker ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ နှိုးဆော်ချက်များတွင် ယခုအချိန်၌ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်နှင့် ရောဂါပိုးအသစ် BA.4 နှင့် BA.5 ရောဂါပိုးများကိုတွေ့ရှိနေပြီဖြစ်သည့်အပြင် အိမ်နီးချင်းနိုင်ငံများတွင် ကူးစက်လျက်ရှိနေပြီဖြစ်သောကြောင့် ကြိုတင်ကာကွယ်ထားနိုင်ရန်၊ ပြည်သူများအနေဖြင့် နှာခေါင်းစည်း (Mask)များကို စနစ်တကျတပ်ဆင်ကြရန်၊ လက်ကိုစနစ်တကျဆေးကြောရန်၊ လူစုလူဝေး ရှောင်ရှားကြရန်၊ မိမိ၌သံသယလက္ခဏာရှိသည်ဟု ယူဆရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကာကွယ်ဆေးကိုအကြိမ်ပြည့် ထိုးနှံထားကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးအချက်များကို လိုက်နာကြရန် စသည့်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)