ဘားအံ ဩဂုတ် ၂၅
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက အိုဇုန်းလွှာ၏ အရေးပါမှုအခြေအနေ၊ ကမ္ဘာ့လေထုအလွှာများ၊ အိုဇုန်း မော်လီကျူးဖြစ်ပေါ်လာပုံ၊ အိုဇုန်းလွှာပျက်စီးစေသော ဓာတုပစ္စည်းများအစား အစားထိုးသုံးစွဲ မည့် ဓာတုပစ္စည်းများ၊ လေထုထဲတွင် မှန်လုံအိမ်အာနိသင်ဓာတ်ငွေ့များ များပြားလာသော ကြောင့် ကမ္ဘာကြီးပူနွေးလာပုံ၊ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတုပြောင်းလဲပုံ၊ ရာသီဥတု ပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများ၊ စိုက်ပျိုးသီးနှံများပျက်စီးခြင်း၊ ရေရရှိမှုခက်ခဲခြင်း၊ သစ်တောပြုန်းတီးခြင်းနှင့် ဇီဝမျိုးတုန်းပျောက်ကွယ်ခြင်း၊ သဘာဝဘေးအန္တရာယ်များ အကြောင်းနှင့် သက်ဆိုင်သည့် သိမှတ်ဖွယ်ရာအကြောင်းအရာများကို အသိပညာပေးဟောပြောပြီး ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်များ၊ စာအုပ်များကို ခင်းကျင်းပြသထားရှိရာ ဘားအံမြို့နယ်ရှိ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူ (၂၂) ဦးက လာရောက်လေ့လာ မှတ်သားကြကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)