စုကလိ သြဂုတ် ၂၅
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ရုံးအနေဖြင့် စာဖတ်သူများအနေဖြင့် အသင်းအဖွဲ့အလိုက် ဆောင်ရွက်တက်စေရန်နှင့် စာအုပ်စာပေများအားဖတ်ရှုပြီး ပြန်လည်မျှဝေတတ်စေရန် စသော ရည်ရွယ်ချက်များဖြင့် ယမန်နေ့ညနေ ၃နာရီ အချိန်က စုကလိမြို့ပြည်သူ့စာကြည့်တိုက် Community Center တွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနစုကလိမြို့ ရုံးမှစာကြည့်တိုက် လက်ထောက်-၃ ဒေါ်ပိုပိုအောင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အားရှင်းလင်း ပြောပြပြီးနောက် စုကလိမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူကျောင်းသား လေးများမှ ပါဝင်ဆွေးနွေးပေးခဲ့ကြပြီး သိရှိလိုသည်များအား စာကြည့်တိုက်တာဝန်ခံမှ ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ပိုပိုအောင်