ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် (Fitness Dance) သင်တန်းဖွင့်လှစ်

ဘားအံ ဩဂုတ် ၂၅

ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ကျန်းမာသန်စွမ်းစွာဖြင့် ပညာလေ့လာသင်ကြားနိုင်စေရန်ရည်ရွယ်၍ ကိုယ်ကာယကြံ့ခိုင်ရေး (Fitness Dance) သင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သင်တန်းဖွင့်ပွဲတွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နော်ဩသျှဖောက ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းဖြင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ကိုယ်ကာယကြံ့ခိုင်ရေး (Fitness Dance) သင်တန်းကို ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူ (၂၀) ဦး တက်ရောက်သင်ကြားခဲ့ကြပြီး သင်တန်းကာလမှာ (၂၄-၈-၂၀၂၂) ရက်နေ့မှ (၂၇-၈-၂၀၂၂) ရက်နေ့အထိ (၄) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)