ရွှေတောင်မြို့နယ်တွင် ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်းဖွင့်လှစ်

ရွှေတောင် သြဂုတ် ၂၅

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၉:၀၀) နာရီ က ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင် မှအဖွင့်အမှာစကားပြောကြားပြီး အမှတ် (၂၀) လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့တပ်ဖွဲ့စု (ပြည်)မှ  ဒုရဲမှူးတင်မောင်နိုင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမှတ် (၄၁/၂၀၂၂) ဖြင့် အတည်ပြုပြဌာန်းခဲ့သည့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေကို ဆွေးနွေးခြင်း၊ လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ ရပ်ကွက်ကျေးရွာအတွင်းနေ ကလေးသူငယ်များအား လူကုန်ကူးမှုကျူးလွန်ခံရမှုမရှိစေရေး၊ အဓမ္မလုပ်အားခိုင်းစေခြင်း၊ လိင်အမြတ်ထုတ်ခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်း၊ အဓမ္မပြည့်တန်ဆာပြုခြင်းများ ဖြစ်ပွားမှုမရှိစေရေးအတွက် လူကုန် ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာများ ရပ်ရွာအခြေပြုလူကုန်ကူးခံရသူတွင် ဘေးအန္တရာယ်ရှိနိုင်ပါက သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံ အကူအညီတောင်းခံခြင်းနှင့် မြို့နယ်အတွင်းရှိ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့သို့ လွှဲပြောင်းအပ်နှံခြင်း၊ လူကုန်ကူးမှုအမျိုးအစားများ လူကုန်ကူးဖြစ်ပွားရခြင်းအကြောင်းအရင်း လူကုန်ကူးမှုဖြစ်စေနိုင်သည့် အကြောင်းအရာများနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး အဖွဲ့ဝင်များဖြစ်သည့် မြို့နယ် အတွင်းရှိ သင်တန်းသား၊ သင်တန်းသူ (၉၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ သြဂုတ်  (၂၅)ရက်မှ ( ၂၇)ရက် နေ့အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)