ပေါက်ခေါင်းမြို့နယ်ကျေးရွာ(၂)ရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ပေါက်ခေါင်း     ဩဂုတ်     ၂၅

ကျေးလက်တောင်သူများနှင့်ပြည်သူများ၏ လယ်ယာထွက်ကုန်သီးနှံများ လွယ်ကူလျှင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေးနှင့် လယ်ယာသုံးစက်များ အလွယ်တကူသွားလာနိုင်ရေးတို့အတွက် ရည်ရွယ်၍ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ကုန်ထုတ်လမ်းများ      ဖောက်လုပ်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုနှင့် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေများဖြင့် ကျေးရွာနှစ်ရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၇၇ ဒသမ ၄၂၅ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဗောဓိကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းအရှည် /.၅၄၅ မိုင်၊အကျယ် ၁၂ ပေနှင့်ထု လက်မရှိ မြေသားကျောက်ရောမြေနီ လမ်းခင်းခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သော ဟိန်းတေဇကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ ၈၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ၅၀ ဒသမ ၆၇၃ သန်းဖြင့် အိန်ဂျယ်မွန်းကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေသည့် ဆင်ဖြူကန်ကျေးရွာ လမ်းအရှည် /.၅၆၇ မိုင်၊အကျယ် ၁၂ ပေနှင့်ထု လက်မရှိမြေသားကျောက်ရော မြေနီလမ်းခင်းခြင်းလုပ်ငန်းမှာ ယမန်နေ့အထိ ၅၄ ရာခိုင်နှုန်းခန့်ပြီးစီးပြီကြောင်း၊ အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါကျေးရွာ ()ရွာရှိ ကုန်ထုတ်လမ်းများဖောက်လုပ်ပြီးစီးပါက ကျေးလက်တောင်သူများ၏ စိုက်ပျိုးမြေဧက (၄၈၀)မှထွက်ရှိသော သီးနှံထွက်ကုန်များ လွယ်ကူစွာသယ်ယူပို့ဆောင်နိုင်မည်ဖြစ်ပြီး၊ အိမ်ခြေ(၃၅၉)လုံး၊ လူဦးရေ (၁၂၂၉)ဦးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)