ပေါင်းတည်မြို့နယ်တွင် Mask Campaign နှင့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းအိုမီခရွန်မျိုးကွဲ BA-4၊ BA-5 ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်

ပေါင်းတည် သြဂုတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုလျော့ကျစေရေးနှင့် ပြည်သူများ အိုမီခရွန်ရောဂါပိုးကူးစက်မှုကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)မှ Mask Campaign နှင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈နာရီအချိန် က လူစည်ကားသည့် ဘုရားကြီးလမ်းတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးကြည်ထွန်းနှင့် တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ သွားလာနေသူပြည်သူများအနေဖြင့် ယခုအခါ ကိုဗစ်- ၁၉ မျိုးဗီဇပြောင်းအိုမီခရွန် ရောဂါမျိုးကွဲ BA4 နှင့် BA5 ရောဂါပိုး ကူးစက်မှုရှိလာသဖြင့် ရောဂါကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရန်၊ နေအိမ်ပြင်ပသို့သွားလာပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ရန်၊ လက်ကိုဆပ်ပြာဖြင့် စက္ကန့်၂၀ကြာအောင် မကြာခဏဆေးကြောရန်နှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်တို့ကို အသိပညာပေးပြောကြားပြီး ပါးစပ်နှင့်နှာခေါင်းစည်း Maskများ တပ်ဆင်ခြင်းမရှိ သွားလာသူများအား Mask၊ လက်သန့်ဆေးဗူးနှင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)