ဓနုဖြူ ဩဂုတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ မြို့မဈေးအတွင်းသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ်ဖြင့် ဈေးမရောင်းရနေ့အဖြစ် သတ်မှတ်ကြောင်း ယမန်နေ့ နံနက်ပိုင်းက လိုက်လံအသိပေး နှိုးဆော်ခဲ့သည်။
အဆိုပါ အသိပညာပေး လုပ်ငန်းများဆောင် ရွက်ခြင်းကို မြို့နယ်စည်ပင် သာယာရေးအဖွဲ့ပိုင် မြို့မဈေးနှင့် ပျံကျဈေးများရှိ ဈေးရောင်းချသူများအနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ်ဖြင့် ဈေးမရောင်းရနေ့အဖြစ် သတ်မှတ်ပါကြောင်းနှင့် ၎င်းအစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာတို့ဖြင့်သာ အစားထိုး ရောင်းချရေး မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများမှ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေခြင်း ၊လက်ကိုင်စပီကာများနှင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)