သဲကုန်းမြို့နယ်တွင် မိုးရာသီစပါးစိုက်ပျိုးစရိတ်ချေးငွေကျပ်၂၀၃၆၄သိန်းထုတ်ချေးပေးပြီး

သဲကုန်း ဩဂုတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ စိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေကျပ်(၂၀၃၆၄)သိန်း ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။

သဲကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယနေ့အထိကျေးရွာအုပ်စု (၅၆)အုပ်စု၊ တောင်သူဦးရေ ၂၄၂၁ဦး၊ လယ်ဧက ၁၃၅၇၆ ဧက အတွက်ကျပ်သိန်း (၂၀၃၆၄) သိန်းထုတ်ချေးပြီးကြောင်း သဲကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်ခင်မြတ်ဆွေထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)