နတ်တလင်း သြဂုတ် ၂၅
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် နတ်တလင်းမြို့ သာဇီရပ်ကွက်၊ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ ရွှေလင်းဘိုးဘွားရိပ်သာ၌ အဘိုးအဘွားများအား ယနေ့နံနက်ပိုင်းအချိန် က သွားရောက်တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေလင်းဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများ၏ နေထိုင်မှုအခြေအနေများ၊ အစားအသောက်ကျွေးမွေးမှု အခြေအနေများအား တွေ့ဆုံမေးမြန်းခဲ့ပြီး ဘိုးဘွားရိပ်သာရှိ အဘိုးအဘွား (၁၉)ဦးတို့ အတွက် လိုရာသုံးစွဲနိုင်ရေး ဝန်ကြီးချုပ်မှ အလှူငွေ ၁၀ သိန်းကျပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များမှ ၅၀၅၀၀၀/- ကျပ်စုစုပေါင်း ၁၅၀၅၀၀၀/- ကျပ် လှူဒါန်းခဲ့ကာ တာဝန်ရှိသူများအား လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရေးမှာကြားခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး